တောင်တွင်းကြီးမြို့နယ် ဝါးခြံကာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
တောင်တွင်းကြီး၊ နိုဝင်ဘာလ ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးခြံကာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဝါးခြံကာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိကိုလည်းကောင်း၊ စာရင်းဇယားများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါးခြံကာကျေးရွာ၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇၃ဦးကိုငွေကျပ် ၅၂၉သိန်းနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၁ဦးကို ငွေကျပ် ၂၅သိန်းငါးသောင်း၊ အသက်မွေးဝမ်းကျောင်းနှစ်ဦးကို ငွေကျပ် ၅သိန်းငါးသောင်း၊စုစုပေါင်းအသင်းသား၊အသင်းသူ ၁၈၆ဦးတို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၆၀သိန်းထိ ထုတ်ချေးပေးထားကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ကပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်