Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် သမဝါယမအသင်းသား မြေပဲစိုက်တောင်သူများအား မျိုးနှင့်သွင်းအားစုများပေးအပ်


05 Nov,2025

ဘားအံ နိုဝင်ဘာ ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံမြေပဲ စိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် ကော့ကျိုက်ကျေးရွာရှိ ကော့ကျိုက်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများအား မြေပဲမျိုးနှင့်သွင်းအားစု များပေးအပ်ပွဲကို အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

ထိုသို့ပေးအပ်ရာတွင် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က မြေပဲစိုက် တောင်သူအသင်းသား (၃၄) ဦး၏ မြေပဲစိုက်ဧက(၁၅၀)အတွက် သမဝါယမအသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် တစ်ဧကလျှင် ငွေကျပ်(၂ ဒဿမ ၅ သိန်း) နှုန်းဖြင့် ညီမျှသော မြေပဲမျိုးနှင့်သွင်းအားစု များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောင်းမြေပဲစီမံကိန်းသီးနှံများနှင့်စပ်လျဉ်း၍ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ နည်းစနစ်များမှန်ကန်ရေး၊ ထွက်ရှိလာသည့်မြေပဲများအား ဆီလုပ်ငန်းရှင်များ သမဝါယမအသင်းမှ ဆီစက်လုပ်ငန်းရှင်အသင်းများနှင့် ချိတ်ဆက်ရောင်းဝယ်နိုင်ရေး၊ မြေပဲစိုက်ပျိုးရေးလက်ကမ်း စာစောင်များအား ဖြန့်ဝေရှင်းလင်း၍ စာစောင်ပါအတိုင်းဆောင်ရွက်နိုင်ရေး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်နိုင်ရေးရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများအား တန်ဖိုးငွေကျပ် (၃၇၅)သိန်းရှိ မြေပဲမျိုးနှင့်သွင်းအားစုများကိုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်