Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့နယ်၌ သမဝါယမဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိရေး မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ


05 Nov,2025

တောင်ငူ နိုဝင်ဘာ ၅

၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည့် သမဝါယမ အသင်း(၈)သင်းမှ အသင်းသားတောင်သူ(၂၄၆)ဦး၏ စိုက်ဧက(၁၀၀၀)အတွက် မြို့နယ်သမဝါယမအသင်းစု လီမိတတ်၏ အစီအစဉ်ဖြင့် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှုန်းနှင့် ညီမျှသောမြေပဲနှင့်သွင်းအားစုများ ပေးအပ်ပွဲကို တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

တောင်ငူမြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူများက ‌ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ပျိုးမှု ပန်းတိုင် အထွက်နှုန်းရရှိစေရေးပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေပဲစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးနည်းစနစ်မှန်ကန်မှုရှိစေရေး သွင်းအားစုအချိုးကျထည့်သွင်းရမည့် နည်းလမ်းများအား ဆွေးနွေးပြေကြားပြီး တာဝန်ရှိသူများက သမဝါယမအသင်းသား တောင်သူများအတွက် (မြေပဲ)မျိုးနှင့် သွင်းအားစု များကိုပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်