သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများ စစ်ဆေး
****************************************************************************
သရက် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဖြူကျေးရွာအုပ်စု၊ မုဆိုးရင်ကျေးရွာ၌ ကျေးလက်စီပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF)ဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မုဆိုးရင်ကျေးရွာ၌ ကျေးလက်စီပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF)စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော CP ဝက်နှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လအလိုက်ဖြည့် သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးလက်စီပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF)စီမံကိန်း လုပ်ငန်းအဖွဲ့လေးဖွဲ့မှ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မုဆိုးရင်ကျေးရွာ၌ ကျေးလက်စီပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်းဖြင့် CP ဝက်နှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့လေးဖွဲ့ကို ရန်ပုံငွေကျပ်သန်း ၃၀ ထုတ်ချေးပေးထားကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်