Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဘားအံမြို့နယ် မြေပဲစိုက်သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပေးအပ်


08 Nov,2025

နေပြည်တော် နိုဝင်ဘာ ၇

နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အောင်သပြေ လယ်ယာနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများသို့ မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကော့လှိုက်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးညီညီဇော်၊ ပြည်နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းသားတောင် သူများ စုစုပေါင်း (၈၂) ဦး တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဘားအံမြို့နယ်၊ အောင်သပြေ လယ်ယာ နှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ မြေပဲစိုက်အသင်းသားတောင်သူ (၂၀) ဦး၏ စိုက်ဧက (၁၀၀) အတွက် တစ်ဧကလျှင် ငွေကျပ် ၂ သိန်းခွဲနှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများ ထောက်ပံ့ရေး အတွက် သမဝါယမအသင်းအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မည့် အခြေအနေ၊ စီမံကိန်း သီးနှံများအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ် (၄) မျိုး မှန်ကန်ရေးနှင့် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုတို့မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ကျေး လက်ဒေသဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြေပဲစိုက်အသင်းသားတောင်သူများထံ မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၇) ဖာလုံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၆) ဖာလုံ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့သော ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံအိုင်  ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီး မှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က အဆိုပါလမ်းမှာ အရှည် ၆ မိုင် ၅ ဖာလုံ ရှိသည့်အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက် တင်ပြနိုင်ရေး လျာထားဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး စဉ်ဆက် မပြတ် ကြီးကြပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်