နေပြည်တော် နိုဝင်ဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး အဆိုပါ ကျေးရွာ (၄) ရွာအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း (၆၀၀) အား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၆-၁၁-၂၀၂၅) မှ (၂၀-၁၂-၂၀၂၅) ထိ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဖြစ် ဖွင့်လှစ် နေသော အဆင့်မြင့်အပ်ချုပ်စက်သင်တန်းမှ သင်တန်းသူ (၂၀) ဦးအား တွေ့ဆုံအားပေးစကား ပြောကြားကာ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာန ဖွဲ့စည်းခဲ့သည်မှာ (၅) နှစ် ပြည့်ခဲ့ပြီ ဖြစ်ပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေး လျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဘဝမြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဝင်ငွေထွက်ငွေမျှတအောင် သုံးစွဲကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လည်း ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးစိတ်ဓာတ်ကို အခြေခံကာ စေတနာထားဆောင်ရွက်ကြ ရန်၊ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေး ရန်နှင့် ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်မီ ပြီးစီး အောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်