ရေနံချောင်းမြို့နယ် ရုံးဆိပ်(တောင်)ကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီးမှု စစ်ဆေး
************************************************************************
ရေနံချောင်း နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဘဲဆိပ်ကျေးရွာအုပ်စု၊ ရုံးဆိပ်(တောင်)ကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ရုံးဆိပ်(တောင်)ကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့စေရေး ကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းသွားကြရန် မှာကြားခဲ့သည်။
ရုံးဆိပ်(တောင်)ကျေးရွာ၌ အကျယ် လေးလက်မခွဲ၊ အနက်ပေ၄၀၀ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာခန်းတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၅၄ ဒသမ ၇၂၈သန်း အသုံးပြု၍ Dears Brain ကုမ္ပဏီက ယခုနှစ် ဇူလိုင် ၃ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးသဖြင့် ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ ဖူလုံစွာရရှိသုံးစွဲနေပြီဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်