Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ် ခလပ်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) သတ္တမအကြိမ်ထုတ်ချေး


07 Nov,2025

သနပ်ပင်မြို့နယ် ခလပ်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) သတ္တမအကြိမ်ထုတ်ချေး

သနပ်ပင်၊ နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ခလပ်ကျေးရွာအုပ်စု၊ ခလပ်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အကြောင်းအရာများ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ခလပ်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၄၈၅သိန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက ခလပ်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၇ဦးကို ငွေကျပ် ၃၇၅သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ခြောက်
ဦးကို ငွေကျပ် ၅၄သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူငါးဦးကို ငွေကျပ် ၃၅ သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ သုံးဦးကို ၂၁သိန်း၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၆၁ဦးအတွက် ငွေကျပ်၄၈၅သိန်းအား ငွေချေးယူသူ အသင်းသား၊အသင်းသူတစ်ဦးချင်းလက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာဖြင့် နေ့ချင်းအပြီးထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းထံမှ သိရသည်။
နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်