နေပြည်တော် နိုဝင်ဘာ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ ဒသမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အခမ်းအနားအစီအစဉ် (၂) ရပ်ဖြင့် ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဘွဲ့ရမောင်မယ်များအတွက် ဂုဏ်ပြု အမှာစကားပြောကြားပြီး ၂၀၂၄-၂၅ ပညာသင်နှစ် အထူးပြုဘာသာရပ်အလိုက် အမှတ်အများဆုံး ရရှိကြသော ထူးချွန်ကျောင်းသား၊ ကျောင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျောင်းအုပ် ဆရာမကြီး၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဘွဲ့ရမောင်မယ်များအား ဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပြီး အမှာစကားပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ဒသမ အကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (၂) ဦး၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ ဘွဲ့လွန်ဒီပလိုမာ (၁) ဦးနှင့် (စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေး ပညာ) စီးပွားရေးသိပ္ပံဘွဲ့ (၈၂) ဦး၊ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ) စီးပွားရေးသိပ္ပံဘွဲ့ (၆၇) ဦး၊ (အသုံးချစာရင်းအင်းပညာ) စီးပွားရေးသိပ္ပံဘွဲ့ (၅၀) ဦး၊ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) စီးပွားရေးသိပ္ပံဘွဲ့ (၄၅) ဦး၊ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ) စီးပွားရေးသိပ္ပံဘွဲ့ (၃၇) ဦး၊ စုစုပေါင်း တက်ရောက်ဘွဲ့ယူသူ (၂၄၄) ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ (၄၀) ဦးတို့အား ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်