Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာ-တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


10 Nov,2025

သာစည် နိုဝင်ဘာ ၈

         မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိတ္ထီလာ-တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင် ဦးဆောင်၍ တာဝန်ရှိသူများက နိုဝင်ဘာ ၈ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

       ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရန်ပုံငွေကျပ် ၁၁၃ ဒသမ ၄၂၈ သန်းဖြင့် မိတ္ထီလာ-တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း လမ်းအရှည် သုည ဒသမ ၄၀၂ ကီလိုမီတာအား ကတ္တရာခင်းခြင်းလုပ်ငန်းများကို သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်