မန္တလေး နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရေဘုတ်- တောယား-ဘောဘုံ-ကင်းဘတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ လမ်းပိုင်းကတ္တရာခင်းနေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင်နှင့် မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းတို့က ကွင်းဆင်းစစ်ဆေးရာ အမရပူရမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နန်းခိုင်သဉ္ဇာက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး)က လမ်းပိုင်းအတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရပူရ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်