Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ် အိုးဘိုကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး


08 Nov,2025

ကော့မှူးမြို့နယ် အိုးဘိုကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး

‎*********************************

‎‌ကော့မှူး      နိုဝင်ဘာ      ၈

‎‎ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် အိုးဘိုကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဦးကျော်ညီညီထွန်း နှင့် တာဝန်ရှိသူများသည် အိုးဘိုကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၅ ဒသမ ၃ သုည ၃ ဖာလုံ အကျယ် ၁၂ ပေ ဒု ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ဂဝံကျောက်ခင်းခြင်း၊ အဆိုပါကုန်ထုတ်လမ်းပေါ်၌ အလျား ၆ ပေ အနံ ၂၀ ပေ အမြင့် ၆ ပေရှိသော Box Culvert တစ် စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(နည်းပညာ)က လုပ်ငန်းဆောင်ရွက်မှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် တိုင်ဒေသကြီးအစိုးရခွင့်ပြုငွေကျပ် ၂၄၄ ဒသမ ၅၅ သန်းဖြင့် ဌာနမှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပါက အိုးဘိုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ လယ်ယာဧကများတွင် စိုက်ပျိုးထား သော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး စျေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်