Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် အလံပါယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး


10 Nov,2025

မင်းဘူးမြို့နယ် အလံပါယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး

‎‎မင်းဘူး နိုဝင်ဘာ ၁၀

‎‎မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ အလံပါယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို နိုဝင်ဘာ ၈  ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

‎‎‎ရှေးဦးစွာ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လက်စွဲစာစောင်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ချေးငွေထုတ်ချေးယူမည့် အသင်းဝင်များအနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုသည့်အချက်များ၊ ကျေးရွာနေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဥပဒေ၊နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။

‎ဆက်လက်၍ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
‎‎ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များက အလံပါယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ သတ္တမအကြိမ်အဖြစ် စိုက်ပျိုးဧက ၃၅၀  အတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူ ၁၀၆ ဦး ထံသို့ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ ကျပ်သိန်း  ၃၅၀ သိန်းတိတိ ထုတ်ချေးပေးခဲ့ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာဝင်းထံမှ သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်