Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံတွင် အောင်နိုင်တိုးမိုးစပါးရိတ်သိမ်းမှု ကွင်းဆင်းကြည့်ရှု


11 Nov,2025

နေပြည်တော် နိုဝင်ဘာ ၁၀

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အတူ တာဝန် ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့် ပံ့ပိုးငွေ ရယူဆောင်ရွက်ခဲ့သည့် ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ သူဌေးကုန်း ကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံတွင် အောင်နိုင်တိုးမိုးစပါးစိုက်ဧက နှစ်ဆယ် ရိတ်သိမ်းမှုအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။

 ကွင်းဆင်းကြည့်ရှုစဉ် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က စပါးများရောင်းချရာတွင် အလေးချိန် မှန်ကန်မှုရှိစေရေး၊ ဈေးကောင်းရရှိစေရေးတို့အတွက် သမဝါယမဦးစီးဌာနကြီးကြပ်မှု အောက်ရှိ ရွှေဇေယျာ ဆန်စက်နှင့်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးဌာနနှင့် မြို့နယ်အသင်းစုဥက္ကဋ္ဌတို့မှ အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ဆွေးနွေးတင်ပြခဲ့မှု အပေါ် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရန်နှင့်အတူ အသင်းပူးပေါင်း ၍ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်