ဖြူး နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်း သိရှိစေရေးအတွက် ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမ အသင်း၊ ကွင်းအမှတ် (၈၀၂-ခ) ၊ ဦးပိုင်အမှတ် (၂/၄) ၊ (၃.၅၀) ဧက၊ တောင်သူဦးမောင်ဆန်း၏ အောင်နိုင်တိုးမိုးစပါးအား စံကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အထွက်နှုန်းမှာ တစ်ဧကပျှမ်းမျှအစို (၁၁၃.၅၀) တင်း ထွက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)
ပဲခူးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်