ထားဝယ် နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပုလဲကူ- ရေဖြူလမ်း ၁/၆ မိုင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ရေဖြူမြို့နယ် ပုလဲကူ-ရေဖြူလမ်း ၁/၆ မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီ စေရေးနှင့် အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေးတို့အတွက် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ငွေဇင်ယော်(ထားဝယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်