ပူတာအို နိုဝင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။
ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမင်းဆွေသည် ခရိုင်ဦးစီးမှူး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ခံအင်ဂျင်နီယာ ဦးသော်ဇင်ဦးနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၈၂၁ ဒသမ ၀၃၆ သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် ပမ္မတီးကျေးရွာနှင့် ဂျေဂျီဒီကျေးရွာချင်းဆက်သွယ်ထားသော လမ်းအရှည် နှစ်မိုင်ကို လမ်းအကျယ် ၁၈ ပေ၊ ဒုခြောက်လက်မဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းခင်းခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံ ငွေကျပ် ၄၆၀ ဒသမ ၄၃၈ သန်းဖြင့် ပူတာအိုမြို့နယ် နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်ဇွပ်ကျေးရွာချင်းဆက်လမ်းအရှည် တစ်မိုင် တစ်ဖာလုံ သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်ကုမ္ပဏီက လမ်းခင်းခြင်းလုပ်ငန်း ၃၅ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးစဉ် ပြည်နယ်ဦးစီးမှူးက ကျေးရွာများအတွက် အမှန်တကယ် ရေရှည်အကျိုးပြုသည့် လမ်းများဖြစ်စေရေး၊ သတ်မှတ်အရည်အသွေး ပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ဖုန်ကန်(ပူတာအို)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်