ပုသိမ်ကြီး နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်သော ညောင်ပင်သာ- ဆင်ရွာတောလမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုကို နိုဝင်ဘာ ၇ ရက်တွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်နှင့် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းတို့က ကွင်းဆင်းစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါလမ်းမကြီးမှာ အကျယ် ၁၂ ပေ၊ အရှည် ပေ ၂၀၈၀ ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက် )
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်