Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ် အင်ကြင်းကန်-အုတ်ဖိုလမ်းမှ ဆူးတပ်ရွာသွားလမ်း ကျောက်ရောမြေခင်းခြင်းဆောင်ရွက်


10 Nov,2025

ရမည်းသင်း နိုဝင်ဘာ ၉

            မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အင်ကြင်းကန်-အုတ်ဖို လမ်းမှ ဆူးတပ်ရွာသွားလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ခရိုင်/ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

            အင်ကြင်းကန်-အုတ်ဖိုလမ်းမှ ဆူးတပ်ရွာသွားလမ်းပိုင်း လမ်းအရှည် (၀/၃.၄၉)မိုင် ကျောက်ရောမြေခင်းခြင်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၈ သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး သည်။

           အဆိုပါလမ်းသည် အကျိုးပြုကျေးရွာ သုံးရွာ၊ လူဦးရေ ၁၇၀၆ ဦးတို့အား အကျိုးပြု မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်