ကော့မှူးမြို့နယ် အောက်ကျောင်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ်မြောက် ထုတ်ချေး
*********************************
ကော့မှူး နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ လိုအပ်သောငွေကြေးအရင်းအနှီး ရရှိစေရန်အတွက် အောက်ကျောင်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းချေးငွေ ဆဌမ အကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာစုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးမျာ၊ အတိုး/အရင်းပေးဆပ်ရန်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်း ရန်ပုံငွေကျပ် ၃၈ ဒသမ ၅ သန်းကို အောက်ကျောင်းကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် အောက်ကျောင်း ကျေးရွာ VRFP စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ငန်းနှင့် အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ စီမံကိန်းအသင်းဝင် ၁၂၈ ဦးအား ငွေကျပ် ၃၈ ဒသမ ၅ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကျေးရွာသူ/သားများ ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်အတွက် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်