Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်စေရန်အတွက် ဝင်ငွေတိုးစီမံကိန်းဖြင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်


11 Nov,2025

မြိတ်၊ နိုဝင်ဘာ ၁၀

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဖြင့် အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်သားများအား လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ၊ စီမံကိန်းကော်မတီဝင်များ နှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းသားများ တက်ရောက် ကြသည်။

          အဆိုပါ အခမ်းအနား၌ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီး မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဝင်ငွေတိုး စီမံကိန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။      ထို့နောက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်း သားများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

          မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာ (၃)ရွာတွင် စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တန်ဖိုးမြှင့် စားသောက်ကုန်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အဆိုပါ သင်တန်းများမှ အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ(၁၅)ဦးအား  ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်