Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ


11 Nov,2025

နေပြည်တော် နိုဝင်ဘာ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ် ရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အမှစကားပြောကြားရာတွင် ဝန်ကြီးဌာနတွင် တာဝန်ထမ်းနေကြသော ဝန်းထမ်းများ၏ အရည်အသွေး၊ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေ ရန်၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး ဘဏ္ဍာရေး ခေါင်းစဉ်အတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်တတ်စေရန်၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း များအပြင် နိုင်ငံတကာစီမံကိန်းများကိုပါ အချိန်ကုန်သက်သာစွာ၊ အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲ ကြီးကြပ်နိုင်ရေးအတွက် သင်တန်းသားသင်တန်းသူများအနေဖြင့် ကြိုးစားလေ့လာသင်ယူ၍ အပြန် အလှန် ဆွေးနွေးဖြေရှင်းခြင်းများ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က သင်တန်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

ယနေ့ဖွင့်လှစ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာ ပေးသင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံးမှ သင်တန်းသား/ သူ (၁၆) ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား/ သူ (၉) ဦး၊ စုစုပေါင်း သင်တန်းသား/ သူ (၂၅) ဦးဖြင့် (၁၁-၁၁-၂၀၂၅) ရက်နေ့မှ (၂-၁၂-၂၀၂၅) ရက်နေ့ထိ (၁၅) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်