ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းBox Culvert သုံးစင်းတည်ဆောက်ပြီးစီးမှုစစ်ဆေး
************************************************************************
မြို့သစ် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ပေပင်ရိုး-ပုဂံမျှော်(တောင်တွင်းကြီး- မြို့သစ်- နတ်မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်းတည်ဆောက်ပြီးစီးမှုကို နိုဝင်ဘာ ၁၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်နှင့် တာဝန်ရှိသူများက ပေပင်ရိုး-ပုဂံမျှော် (တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်း Box Culvert သုံးစင်းတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်က ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည် တည်တံ့အောင် ကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းသွားရန် မှာကြားခဲ့သည်။
အဆိုပါ ပေပင်ရိုး-ပုဂံမျှော် (တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းပေါ်၌ ကျောက်ကြီး စီ ကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း အရှည် ၂၄ပေ၊ အကျယ် ငါးပေ၊ အမြင့်ငါးပေရှိ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၄၀.၅သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇူလိုင် ပထမပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်