Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းမြို့တွင် မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်


13 Nov,2025

စစ်ကိုင်း နိုဝင်ဘာ ၁၃

 စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူ များ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးနှင့် သီးနှံအထွက်နှုန်းတိုးတက်ရေးနည်းပညာပေးသင်တန်းကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးသိန်းဇော်ဦးက စိုက်ပျိုးရေးတောင်သူများ မျိုးကောင်း မျိုးသန့်များ ရရှိအောင်ဆောင်ရွက်ပေးနေမှု၊ လက်ထောက်ဦးစီးမှူး ဒေါ်သဲသဲထွေးက သီးနှံ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေး ပို့ချခဲ့သည်။ ယခုဖွင့်လှစ်သော နည်းပညာပေးသင်တန်းသို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် အသင်းသားတောင်သူ (၃၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်