Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မအူပင်မြို့နယ်သမဝါယမအသင်းပိုင် လယ်မြေရှိသော အသင်းဒါရိုက်တာအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ


13 Nov,2025

မအူပင် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့များ၊ အသင်းပိုင်လယ်ယာမြေ ရှိသော သမဝါယမအသင်း(၂)သင်း၊ အသင်းပိုင်ကိုင်းမြေရှိသော သမဝါယမအသင်း(၂)သင်းတို့မှ ဒါရိုက်တာအဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ သည်။

ဦးစွာ မြို့နယ်ဦးစီးအရာရှိ ဦးသန့်စင်မှ အသင်းပိုင်လယ်ယာမြေများနှင့်ပတ်သတ်သည့် ကိစ္စရပ်များ၊ လယ်ယာမြေတွင် စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းမှ အသင်းပိုင် လယ်မြေ/သောင်မြေတို့တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံများအတွက် လိုအပ်သည့်ပိုးသတ်ဆေး၊ သွင်းအားစုများရရှိရေး၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပေါင်းစပ်ကာ အထွက်နှုန်း တိုးတက်ရေး၊ အောင်မြင်အောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

မအူပင်မြို့နယ်တွင် သမဝါယမအသင်းပိုင် လယ်/ကိုင်း(၁၃၆.၄၇)ဧကရှိပြီး သမဝါယမအသင်း (၄) သင်းတွင် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ၊ ပဲမျိုးစုံ၊ ငြုပ်၊ ခရမ်းချဉ်၊ ပြောင်းများ စိုက်ပျိုးကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်