Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Advanced GIS Training and Remote Sensing သင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲအခမ်းအနား


13 Nov,2025

နေပြည်တော် နိုဝင်ဘာ ၁၃

    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန Advanced GIS Training and Remote Sensing သင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို (၁၃-၁၁-၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ စစ်ဆေးရေးအရာရှိချုပ်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။ 

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး) ဦးဝင်းကျော်မျိုးက  သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မိမိတို့ဦးစီးဌာနမှာ လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်ရသော ဌာနဖြစ်သည့်အလျောက် သင်တန်းမှရရှိသည့် နည်းပညာများအား အသုံးပြု၍ မြေပြင်ကွင်းဆင်းရန် အခက်အခဲရှိသည့် နေရာ‌‌ဒေသများအတွက်  အင်ဂျင်နီယာအကြိုဆောင်ရွက်ရသည့် လမ်းအူကြောင်းရှာခြင်းလုပ်ငန်းများ၊ တံတား Location များ၊ ရန်ပုံငွေလျာထားဆောင်ရွက်ရမည့် လုပ်ငန်းများအား Remote Sensing နည်းပညာမှတစ်ဆင့် ရယူနိုင်သည့် Data အချက်အလက်များအပေါ်အခြေခံ၍ result ကောင်းများရရှိအောင် တွက်ချက်ရယူကာ ဌာနလုပ်ငန်းများအား အကျိုးရှိရှိ ထိထိရောက်ရောက် ပြန်လည်အသုံးချသွားရမှာဖြစ်ကြောင်း၊ သင်တန်းမှ သင်တန်းဆရာများ၏ သင်ကြားပြသပေးလိုက်သည်များနှင့် ရပ်တန့်မနေဘဲ မိမိကိုယ်တိုင် continuous learning လုပ်ရန်လိုကြောင်းပြောကြားခဲ့ပါသည်။ ပြီးနောက် သင်တန်းသားများမှ အဖွဲ့(၅)ဖွဲ့ ခွဲ၍ Group Presentation တင်ဆက်ပြသမှုများအပေါ် လိုအပ်သည်များအား အကြံပြုဖြည့်စွက် ဆွေးနွေး၍ Group Presentation တွင် ဆုရရှိသည့် အဖွဲ့အား ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ   သင်တန်းသူတစ်ဦးမှ သင်တန်းသားအားလုံး၏ကိုယ်စား ယခုသင်တန်းမှ နည်းပညာအကျိုးကျေးဇူးများစွာ ရရှိကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

    အဆိုပါသင်တန်းကို (၅-၁၁-၂၀၂၅) မှ (၁၃-၁၁-၂၀၂၅ )ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ရာ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/ သူ (၂၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်