နေပြည်တော်၊ နိုဝင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ ယခု စီမံကိန်းကို စိုက်ပျိုးရေး အခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပေးလိုက်သည့် ဘာသာရပ်များသည် အသက်မွေးဝမ်းကျောင်း ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နိုင်သည့် ဘာသာရပ်များဖြစ်၍ မိသားစု ဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်သကဲ့သို့ အိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရရှိသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်လာနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း သင်တန်းက သင်ကြားပေးလိုက်သော ပညာရပ်များအပေါ် အခြေခံသည့် လုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းလက်မှတ်များပေးအပ်ပြီး ထူးချွန်ဆုရရှိသော သင်တန်းသားများအား သင်တန်းထူးချွန်ဆုများ ပေးအပ်သည်။ ဆက်လက်၍ သင်တန်းဆင်းထုတ်ကုန် များအား လိုက်လံကြည့်ရှုစစ်ဆေးရာ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များအား မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်