Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းနှင့် ဆားပွက်ချောင်းတံတားချဉ်းကပ်လမ်းဖွင့်ပွဲကျင်းပ


12 Nov,2025

မင်းဘူး(စကု) နိုဝင်ဘာ ၁၁

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေတွင်းကုန်း- ဆင်လမ်းကြီးကျေးရွာချင်းဆက်လမ်းနှင့် ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းဖွင့်ပွဲကို နိုဝင်ဘာလ ၁၀ ရက်က ကျင်းပသည်။

            ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတားချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း - ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်း မုခ်ဦးရှေ့တို့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည့် ဘင်ခရာအဖွဲ့နှင့် အိုးစည်၊ ဒိုးပတ်အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

           ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတားချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း - ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးမှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ )


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်