နေပြည်တော် နိုဝင်ဘာ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျောင်းဆင်းလာသူ (၉၃) ဦးအား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ယာယီသမ္မတက ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းများအား မိမိတို့ဝန်ကြီး ဌာနမှ နွေးထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနကို (၁၇-၆-၂၀၂၁) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ရာ (၄) နှစ်ကျော်ကာလကို ရောက်ရှိနေပြီဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးရေးလုပ်ငန်းများကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊
သမဝါယမဦးစီးဌာန၏ ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအနေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ မြစိမ်းရောင်စီမံကိန်း (သမဝါယမကဏ္ဍ) ဖော်ဆောင်ခြင်း၊ ဆန်စက်၊ ဆီစက်၊ နို့ချက်စက်ရုံများ ပြန်လည်လည်ပတ် နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ခြင်း၊ တောင်သူများသို့ မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ မြစိမ်းရောင်ချေးငွေစီမံ ကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း၊ အစု အဖွဲ့စနစ်ဖြင့် ဝက်၊ နွား၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ဆိုလာရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအရ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက် စက်ပစ္စည်းကိရိယာများ၊ ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်ချိတ်ဆက် ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးခြင်းတို့ဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာနှင့် သားငါးထွက်ကုန်များ ဈေးကွက် သို့ အချိန်မီရောက်ရှိရေးအတွက် ကျေးလက်လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဦးစီးဌာနပိုင် ယာဉ်၊ ယန္တရားများဖြင့် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက် ၍ စိုက်ပျိုးရေရရှိရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ သမဝါယမစာရင်း ရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများက သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များ သည် လက်တွေ့လုပ်ငန်းခွင်နှင့် ကိုက်ညီမှုရှိ၍ အစိုးရဌာနများ၊ ကုမ္ပဏီများမှ ကြိုဆိုလက်ခံ အလုပ်ခန့်ထားမှုများလာသဖြင့် လူငယ်များအကြား စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါကြောင်း၊
ကျောင်းဆင်းဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာဦးစီးဌာနများရဲ့ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေး လုပ်ငန်းခွင်ဝင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မဟာအရည်အချင်းစစ် သင်တန်းတက်ရောက်ရန် အဆင့်မီသူ (၃၄) ဦးကိုလည်း လုပ်ငန်းခွင်မှာ (၁) နှစ် တာဝန်ထမ်းဆောင် ပြီးနောက် နီးစပ်ရာတက္ကသိုလ်များတွင် On Duty ဖြင့် ဆက်လက်တက်ရောက်စေမည် ဖြစ်ကြောင်း၊
လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာမှာ ဌာနတွင်း စည်းလုံးညီညွတ်မှု၊ နားလည်မှုတို့ဖြင့် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းများပီသစွာ ပါတီနိုင်ငံရေးကင်းရှင်းရေး၊ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေကို လေးစားလိုက်နာရေး၊ အထူးသဖြင့် ကိုယ်ရောက်ရှိရာဒေသရှိ တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ ကြိုးပမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံတော်က လိုအပ်ချက်အရ စေတနာထားပြီး ရင်းနှီးမြှုပ်နှံထားသူများဖြစ်၍ နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားပြီး ကိုယ့်ဒေသ ဖွံ့ဖြိုးရေး၊ ကိုယ့်နိုင်ငံဖွံ့ဖြိုးရေးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းများကို ချီးမြှင်ငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်