Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မွန်ပြည်နယ်အတွင်းရှိ ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြား


17 Nov,2025

နေပြည်တော် နိုဝင်ဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများ နှင့်တွေ့ဆုံကာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနက မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ ချမှတ်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားရေးအတွက် ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဘဝမြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီး ဝင်ငွေထွက်ငွေမျှတအောင် သုံးစွဲကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ဝန်ထမ်း သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဖွံ့ဖြိုးရေးစိတ်ဓာတ်ကို အခြေခံကာ စေတနာထားဆောင်ရွက်ကြရန်၊ ဒေသနှင့်ကိုက်ညီ သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးရန်နှင့် ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်