နေပြည်တော် နိုဝင်ဘာ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ရှိ ကျွန်းတက်ပဲ့၊ ချိုင်း၊ ရန်အောင်မြင်၊ ရွှေခဲအင်း၊ ကူနှစ်လုံးဆည်စု၊ ဒိုးနွယ် ကျေးရွာအုပ်စု (၆) ခုတို့မှ မဲဒီး၊ ညောင်ကုန်း၊ ပေါက်တော၊ ဇီးဖြူကုန်း၊ ကျေးစာဥ၊ ဒိုးနွယ်၊ ရဲဒိ၊ သာယာစု၊ ဂွေးတောက်ရိုး၊ ပိတောက်ကုန်း၊ ကျောက်ခဲအင်း၊ ပျဉ်ထောင်စု၊ မန်ကျည်းကုန်း ကျေးရွာများ၏ ကျေးရွာတွင်း လမ်းများ၊ ကျေးရွာချင်းဆက် လမ်း၊ တံတားများ ပြုပြင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာ သောက်သုံးရေရှိရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်