Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်တံတားဖွင့်လှစ်


17 Nov,2025

ဓနုဖြူ နိုဝင်ဘာ ၁၅

           ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ကုန်းတန်းတောင်အုပ်စု တကုတ်ချောင်းကျေးရွာ ကျားချောင်း- တကုတ်ချောင်းဖြတ်လမ်းပေါ်ရှိ တကုတ်ချောင်းကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက အဆိုပါနေရာ၌ ကျင်းပသည်။

           အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများက တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျားချောင်း-တကုတ်ချောင်း ဖြတ်လမ်းပေါ်ရှိ တကုတ်ချောင်းကူးတံတားအား လှည့်လည် ကြည့်ရှုသည်။

           အဆိုပါ တကုတ်ချောင်းကူးတံတားမှာ အလျားပေ ၈၀၊ အနံပေ ၂၀ ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြုငွေကျပ် ၄၂၅ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်