Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်တွေမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


17 Nov,2025

စစ်တွေ နိုဝင်ဘာ ၁၅

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေနှင့် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးတို့သည် ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မင်းဦးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ဇောပူဂျာကျေးရွာသွားလမ်းတံတားကို ဘေလီသံပေါင်တံတား တည်ဆောက်နိုင်ရေးအတွက် သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။

            ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မင်းဦးက အဆိုပါဘေလီသံပေါင်တံတားတည်ဆောက်မည့် မြေပြင်အခြေအနေများအား ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေက လိုအပ်သည်များကို မှာကြားခဲ့သည်။

            အဆိုပါတံတားကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းပြီးစီးပါက ကျေးရွာနှစ်ရွာမှ ပြည်သူများအား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်