ကြံခင်း နိုဝင်ဘာ ၁၇
ဧရာဝတီုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုနှင့် သောကြာဒူး အုပ်စုတို့တွင် သမဝါယမအသင်းပိုင် ကိုင်းမြေများပေါ်၌ ဆောင်းသီးနှံ( မြေပဲ၊ ပဲပုတ်၊ ခရမ်းချဉ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ဆုံလဲအုပ်စု၊ ဆိပ်သာကျေးရွာ၊ ကွင်းအမှတ် ၂၃ ၊ ပေတောမြေနုကွင်း ၄၂ ဧကတွင် ကြည်သာဇော် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မြေပဲ (မကွေး-၁၁)၊ ပဲပုတ်နှင့် ခရမ်းချဉ်စိုက်ပျိုးထားရှိမှု၊ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် သောကြာဒူးအုပ်စု၊ ကရင်စုကျေးရွာ၊ ကွင်းအမှတ် ၉၊ ပန်းပျိုးမာလာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် မြေပဲ(ရေဆင်း-၁၁) ၅ ဧက အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြေပဲစိုက်ခင်းများရွက်ဖျန်းအားဆေး ပက်ဖျန်းနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ကြံခင်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းပိုင် လယ် (၂)သင်း၊ ကိုင်း(၅)သင်း စိုက်ပျိုးဧက ၂၂၆.၂၉ ဧက ရှိကြောင်း မြိုနယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)
ဧရာဝတီတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်