Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့နယ်ရှိ သမဝါယမအသင်းပိုင်ကိုင်းမြေများတွင် ဆောင်းသီးနှံ( မြေပဲ၊ ပဲပုတ်၊ ခရမ်းချဉ်) စိုက်ပျိုးအောင်မြင်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု


17 Nov,2025

ကြံခင်း နိုဝင်ဘာ ၁၇

ဧရာဝတီုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုနှင့် သောကြာဒူး အုပ်စုတို့တွင် သမဝါယမအသင်းပိုင် ကိုင်းမြေများပေါ်၌ ဆောင်းသီးနှံ( မြေပဲ၊ ပဲပုတ်၊ ခရမ်းချဉ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ဆုံလဲအုပ်စု၊ ဆိပ်သာကျေးရွာ၊ ကွင်းအမှတ် ၂၃ ၊ ပေတောမြေနုကွင်း ၄၂ ဧကတွင် ကြည်သာဇော် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မြေပဲ (မကွေး-၁၁)၊ ပဲပုတ်နှင့် ခရမ်းချဉ်စိုက်ပျိုးထားရှိမှု၊ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် သောကြာဒူးအုပ်စု၊ ကရင်စုကျေးရွာ၊ ကွင်းအမှတ် ၉၊ ပန်းပျိုးမာလာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် မြေပဲ(ရေဆင်း-၁၁) ၅ ဧက အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြေပဲစိုက်ခင်းများရွက်ဖျန်းအားဆေး ပက်ဖျန်းနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ကြံခင်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းပိုင် လယ် (၂)သင်း၊ ကိုင်း(၅)သင်း စိုက်ပျိုးဧက ၂၂၆.၂၉ ဧက ရှိကြောင်း မြိုနယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်