Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် နောင်သရကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီးမှု စစ်ဆေး


18 Nov,2025

ဘားအံမြို့နယ် နောင်သရကျေးရွာ၌ စက်ရေတွင်းတူးဖော်ပြီးစီးမှု စစ်ဆေး
************************************************************************
ဘားအံ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့် နောင်ပလိန်ကျေးရွာအုပ်စု၊ နောင်သရ ကျေးရွာ၌စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲဖောင်အွာ၊ ဘားအံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ နောင်သရကျေးရွာ၌စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ဆောင်ရွက်ပြီး လုပ်ငန်းအား ရေရှည်တည်တံ့အောင်ကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။နောင်သရကျေးရွာ၌ အကျယ် လေးလက်မခွဲ၊ အနက်ပေ၂၄၀ရှိစက်ရေတွင်းတူး‌ဖော်ခြင်း၊ အလျား ၁၀ပေ၊ အနံ ၁၀ပေ၊ အမြင့် ၂၀ပေရှိ ဂါလံ ၂၄၀၀ဆံ့ရေစင် တည်ဆောက်ခြင်း၊ ရေစင် အောက်ခန်းဖွဲ့ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၀ ဒသမ ၇၅သန်းဖြင့် ဌာနမှ ဝန်ထမ်းများစုဖွဲ့၍၂၀၂၅နှစ် မေ ၅ရက် က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ
လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ)
ဒေါ်နန်းအဲဖောင်အွာထံမှ သိရသည်။

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်