Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်၊ စိုက်ပျိုးမွေးမြူရေးသမဝါယမအသင်းများ၏ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


13 Nov,2025

နေပြည်တော် နိုဝင်ဘာ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၁၈၅၄(ခ) တွင် ဒို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက အသားတိုးနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ အသင်းအမှုဆောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြ သည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မွန်ဘားဆား၊ နေဗီယာကဲ့သို့ နွားစာမြက်များ စနစ်တကျ စိုက်ပျိုးရေး၊ နွားချေးများကို အကျိုးရှိရှိအသုံးချရေး၊ မျိုးချောင်းဖြင့် သားစပ်ခြင်းနှင့် ရောဂါပိုးမွှား ကာကွယ်ဆေးများ ထိုးနှံရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်ရေး မှာကြားကာ အသင်းမှ မွေးမြူထားသော ဒေသနွား (၃၆၇) ကောင် မွေးမြူထားမှုကိုလည်းကောင်း၊ မွန်ဘားဆား နွားစာမြက် ၁၁ ဧကနှင့် နေဗီယာနွားစာမြက် ၈ ဧက စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးတောကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမြေများ လစ်လပ်မှုမရှိဘဲ စဉ်ဆက်မပြတ် စိုက်ပျိုးကြရန်၊ ဆောင်းသီးနှံနှင့် လာမည့် မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်၊ လိုအပ်သည့် စိုက်ပျိုးရေအတွက် ဆိုလာရေတင်စနစ်၊ အထွက်တိုး မျိုးနှင့်သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် မိမိတို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော စီမံကိန်းရန်ပုံငွေများဖြင့် သီးနှံပေါ်ပေးစနစ် ဆောင်ရွက် ပေးမည်ဖြစ်ပြီး တောင်သူများက အချိန်မှန်ပြန်ဆပ်ပေးရမည်ဖြစ်ကြောင်း၊ အသင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာ အသင်းအကျိုး၊ အသင်းသားအကျိုးဖြစ်ထွန်းအောင် မိမိတို့ကိုယ်ပိုင်လုပ်ငန်း ကဲ့သို့ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားကာ အသင်သားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက် တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အ တွင်း ခေတ်မီစံပြကျေးရွာများအဖြစ် ဆောင်ရွက်ပေးထားသော သော်မှော်ကုန်းကျေးရွာ၊ ပျံချီကျေး ရွာနှင့် သစ်ခေါက်ခွကျေးရွာတို့မှ မြို့မိမြို့ဖများ၊ ကျေးရွာသူကျေးရွာသားများအား သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမ၌ တွေ့ဆုံ၍ ယခုကျေးရွာအား မိမိတို့ဝန်ကြီးဌာနက ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ပေးခဲ့ပြီး စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် အရင်းအနှီးများ၊ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း၊ သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပေးအပ်ကာ Digital Payment စနစ် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာစာကြည့်တိုက်တွင် e-library ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုသင်တန်းများ ပို့ချပေးခြင်း၊ ဝင်ငွေတိုးစီမံကိန်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး စက်ပစ္စည်းများနှင့် နည်းပညာများ ထောက်ပံ့ပေးခြင်း၊ ကျေးရွာနေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များအား သက်ဆိုင်ရာဌာန များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးခြင်းဖြင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက် ကြရန်  အလေးထားမှာကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမနှင် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများ ရှိပြီး နိုင်ငံတော်အစိုးရက နေစရိတ်၊ စားစရိတ်၊ ဝတ်စုံစရိတ်၊ စာရေးကိရိယာ စရိတ်များ ထောက်ပံ့ပေးထားသဖြင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါကြောင်းဖြင့် ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသား များ၏ မြစိမ်းရောင်ရန်ပုံငွေဆိုင်ရာများ၊ ကျေးရွာတွင်းလမ်း၊ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာ ဘော်လုံးကွင်း ပြုပြင်ရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း RBF စီမံကိန်းရန်ပုံငွေဖြင့် အသင်းအဖွဲ့စနစ် ဝက်မွေးမြူနေသော လင်းလက်စံအိမ်အဖွဲ့၏ ဝက်မွေးမြူထားမှုအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျွန်းကုန်းကျေးရွာ အဝင်လမ်း ပေ (၂၂၀၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လမ်းပခုံးများနှင့် လမ်းဘေးရေမြောင်းများ ဆက်လက်ဆောင်ရွက်ပေးရေး မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိ မူလတန်း ကျောင်းမှ ကျောင်းသားကျောင်းသူများ သောက်ရေရရှိရေးအတွက် Life Straw ရေသန့်စက်များ တပ်ဆင်ပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက ၂၀၂၅၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သာယာကြီး-သပြေ ကုန်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် သာယာကြီးကျေးရွာအဝင်လမ်း (၃.၅) ဖာလုံ ကျောက်ချော ခင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အချိန်မီပြီးစီးရေး၊ အရည်အသွေး စံချိန် စံညွှန်းပြည့်မီရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာသူကျေးရွာသား များနှင့်တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်