ဘားအံမြို့နယ် နောင်ထိုးဒီးကျေးရွာ၌ ရေရရှိရေးလုပ်ငန်းပြီးစီးမှု စစ်ဆေး
************************************************************************
ဘားအံ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် နောင်ပလိန်ကျေးရွာအုပ်စု၊ နောင်ထိုးဒီး ကျေးရွာ၌ရေရရှိရေးလုပ်ငန်းပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲဖောင်အွာ၊ ဘားအံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ နောင်ထိုးဒီးကျေးရွာ၌ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ဆောင်ရွက်ပြီး လုပ်ငန်းအား ရေရှည်တည်တံ့စေရေးကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။နောင်ထိုးဒီးကျေးရွာ၌ အကျယ် လေးလက်မခွဲ၊ အနက်ပေ၂၄၀ရှိစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ပေ၊ အနံ ၁၀ပေ၊ အမြင့် ၂၀ပေရှိ ဂါလံ ၂၄၀၀ဆံ့ရေစင် တည်ဆောက်ခြင်း၊ ရေစင် အောက်ခန်းဖွဲ့ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၃၀ ဒသမ ၇၅သန်းဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများစုဖွဲ့၍ ၂၀၂၅နှစ် မေ ၅ရက် ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲ ဖောင်အွာ ထံမှ သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်