Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


17 Nov,2025

နေပြည်တော် နိုဝင်ဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရီမြို့နယ်၊ ဘုရား တောင်ကျေးရွာအုပ်စု၊ ဘုရားတောင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာသောက်သုံးရေရရှိရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေ (၃၅၀) စက်ရေတွင်းတူးဖော်နေမှုနှင့် ဂါလံ (၂၀၀၀) ဆံ့ ရေစုကန် တည်ဆောက်နေမှုကိုလည်းကောင်း၊  ဘုရားတောင်ရွာမကြီးမှ ဘုရား တောင်ရွာသစ်သို့ သွားသောလမ်း ဖောက်လုပ်ပေးနိုင်ရေးနှင့် ထိုလမ်းပေါ်တွင် ပေ (၂၀) တံတား တည်ဆောက်ပေးနိုင်ရေးကိုလည်းကောင်း၊ ပိုတက်-သရက်တော ကျေးရွာချင်းဆက်လမ်း (၃.၅) မိုင် အား အဆင့်မြှင့်တင်နိုင်ရေးနှင့် လမ်းပခုံးသား (၄)ပေတိုးချဲ့၍ မြေသားထပ်ပိုးနေမှုကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်