Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကလောမြို့နယ်၌ သမဝါယမအသင်းလီမိတက်မှ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


19 Nov,2025

ကလော နို၀င်ဘာ ၁၉

ရှမ်းပြည်နယ်‌တောင်ပိုင်း၊‌ ကလောမြို့နယ်၊‌ ၀ါးရုံပင်‌ကျေးရွာအုပ်စု၊ ၀ါးရုံပင်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့‌ရောင်စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့် ‌‌"‌ရွှေရင်အေး"မျိုး‌စေ့ထုတ်လုပ်‌ရေး လုပ်ငန်း သမ၀ါယမအသင်းလီမိတက်၏ GW-11 မိုးစပါးရိတ်သိမ်း‌မှုအ‌ခြေအနေအား တာဝန်ရှိ သူများက ကွင်းဆင်း‌ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက GW-11 ‌မိုးစပါးရိတ်သိမ်း‌‌နေသည့် “‌ရွှေရင်အေး” မျိုး‌စေ့ထုတ်လုပ်‌ရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ ရိတ်သိမ်း‌ခြွေ‌လှေ့စက်ဖြင့် စပါးရိတ်သိမ်း‌နေသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ရာ တစ်ဧကလျှင်(၁၃၀)တင်း ပျမ်းမျှထွက်ရှိ‌ကြောင်း၊ အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် စျေးကွက်ပိုမိုရရှိစေရေး အတွက် သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမ ကဏ္ဍမှ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း (ကလော)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်