Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး


18 Nov,2025

ကော့မှူး နိုဝင်ဘာ ၁၇

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများသည်  ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ညောင်ကုန်း-ကျွန်းကလေး-ရခိုင်စု ရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပျဉ်းကတိုး-ချောင်းဝလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် K & F Company မှ တာဝန်ယူဆောင်ရွက်သည့် ကျိုက်ထော်-ကျုံလတာ - အောက်ကျောင်း - ဥတို - သမဲ့လမ်းပေါ်ရှိ (48 m) ကွန်ကရစ်တံတားတည်ဆောက်ခြင်း  လုပ်ငန်းဆောင်ရွက်နေမှု မြေပြင်အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အသွေးအသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

           အဆိုပါ ကျိုက်ထော် - ကျုံလတာ - အောက်ကျောင်း - ဥတို - သမဲ့ လမ်းပေါ်ရှိ (48 m )ကွန်ကရစ်တံတား၊ ညောင်ကုန်း-ကျွန်းကလေး-ရခိုင်စုရွာချင်းဆက်လမ်း အရှည် ပေ ၁၈၀၂ ပေ၊အကျယ် ၁၂ ပေ၊ဒု ၇ လက်မကွန်ကရစ်ခင်းခြင်းနှင့် ပျဥ်းကတိုး-ချောင်းဝလမ်း အရှည်  ပေ၂၆၄၀ ၊အကျယ် ၁၂ ပေ၊ ဒု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးအစရှိသည့် လှုမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်