Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါသီးနှံစိုက်ပျိုးထားရှိမှု၊ ဝါကြိတ်စက်နှင့် စက်ရက်ကန်းစက်ရုံလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


18 Nov,2025

တပ်ကုန်း နိုဝင်ဘာ ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် မြောက်မြိုက်ကျေးရွာ၊ လင်းရောင်ခြည် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းသားများ၏ မိုးဝါ(RAKA 666) စိုက်ဧက၂၀၃ စိုက်ပျိုး ဆောင်ရွက်ထားရှိမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ခူးဆွတ်ပြီးသည့် မိုးဝါတစ်ဧကလျှင် ပျှမ်းမျှ ပိဿာ ၉၀၀ ကျော်ခန့်ထွက်ရှိခဲ့ရာ ကာလပေါက်ဈေးနှုန်းအတိုင်း ရရှိစေရေး ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်ပေးရန်မှာ ကြာခဲ့ပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် စက်ရက်ကန်း စက်ရုံလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

နေပြည်တော်ကောင်စီနယ်မြေ

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်