Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ပွင့်လှလေးကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ"


19 Nov,2025

"တောင်တွင်းကြီးမြို့နယ် ပွင့်လှလေးကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ"

       တောင်တွင်းကြီး၊နိုဝင်ဘာ ၁၉

       မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိ ပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲကိုပွင့်လှကြီးကျေးရွာအုပ်စု၊ပွင့်လှလေးကျေးရွာ၌ ယနေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။       ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခုတ်မွန်းလျန်ကပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့်ဆွေးနွေးပြီးမီးခိုးမြူငွေ့လျော့ချခြင်း၊စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၊ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုအိမ်တွင်းညစ်ညမ်းမှုများကြောင့်ဖြစ်ပေါ်လာနိုင်​သော ကူးစက်ရောဂါအမျိုးမျိုးနှင့်ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများဆောင်ရန်၊ရှောင်ရန်စသည့်အသိပညာဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ပလပ်စတစ်အိတ်သုံးစွဲမှု လျော့ချခြင်း၏အကျိုးကျေးဇူးများ၊အမှိုက်အမျိုးအစားများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာများကို ဟောပြောဆွေးနွေးပြီး အခမ်းအနားကိုတက်ရောက်လာကြသော ရပ်မိ၊ရပ်ဖများ၊ကျေးရွာသူကျေးရွာသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။          အဆိုပါ မီးခိုးမြူငွေ့ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပွင့်လှလေးကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။
                                                           နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်