နေပြည်တော် နိုဝင်ဘာ ၂၃
နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာနှင့် လွင်သာယာကျေးရွာချင်းဆက်လမ်းသို့ သွားရောက်၍ တောင်ကျချောင်းရေတိုက်စား၍ ပျက်စီးနေမှု များကို ယာယီဘေလီတံတား တည်ဆောက်ပေးနိုင်ရေးနှင့် အဆိုပါလမ်းအား ပြုပြင်ပေးနိုင်ရေး၊ ဥတ္တရသီရိမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်