Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သုံးခွမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


20 Nov,2025

သုံးခွ နိုဝင်ဘာ ၁၉

       ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဖရုံလမ်းခွဲ-အောင်ပန်းစိန်လမ်းနှင့် မိကျောင်းကန်ကျေးရွာ - ကျွဲခိုကန်ဆက်သွယ်ရေး မြေသားလမ်း မြေကြီး လုပ်ငန်းဆောင်ရွက်၍ ပြုပြင်ခြင်း၊ စွယ်တော်ချောင်-အောင်ပန်းစိန် မြေသားလမ်း ဂဝံခင်းခြင်း၊ လက်ပံ-နန်းခလဲ- စစ်ကိုင်းစုနှင့် သရောတောကျေးရွာတို့ကို ဆက်သွယ်သည့်လမ်း ပြုပြင်ခြင်းနှင့် ဂဝံလမ်းခင်းခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်(တည်ဆောက်ရေး)၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်