Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့တွင် မေခလာငွေစုငွေချေး ပညာရေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


26 Nov,2025

ကြို့ပင်ကောက် နိုဝင်ဘာ ၂6

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေခလာ ငွေစုငွေချေးပညာရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပ ပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်ပညာ‌‌ရေးမှူးရုံး အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မေခလာငွေစု‌ငွေချေးပညာရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးမင်းဇော်မှ အသင်းဆိုင်ရာကိစ္စရပ်များ ရှေးလုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသန်းဌေးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။

မေခလာ ငွေစုငွေချေး ပညာရေးသမဝါယမအသင်းမှ အသင်းသား ၃၄၅ ဦး၏ စုဆောင်းငွေအပေါ်ရရှိမည့် အတိုး ၃၀,၀၀၀,၀၀၀ နှင့် အဆုအပေါ် အမြတ် ၁၁၄,၀၀၀ ကျပ်တို့ကို အသင်းသားများအား စနစ်တကျခွဲဝေပေးခဲ့ကြောင်း အဆိုပါ မေခလာ ငွေဆုငွေချေးပညာရေး သမဝါယမအသင်းသည် နှစ်ပေါင်း ၃၁ နှစ်သက်တမ်း ရှိပြီဖြစ်ကြာင်း သိရသည်။

(ဇေယျာထွန်း၊ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်