Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ်၌ ကျေးလက်လမ်းများ ကွင်းဆင်းစစ်ဆေး


26 Nov,2025

ကျောက်တန်း နိုဝင်ဘာ ၂၅

            ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ ဦးသက်ဇော် ညွှန်ကြားရေးမှူး(မြို့ပြ) ရန်ကုန်တိုင်းဒေသကြီးနှင့် တာဝန်ရှိသူများ၊ အရည်အသွေးစစ်ဆေးအဖွဲ့တို့နှင့် အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်သည့် ပျဉ်းမကန်ကြီး- ပျဉ်းမကန်လေး ကျေးရွာချင်းဆက်လမ်း ပေ ၂၅၀၀ အား မြေသားလမ်းခင်းခြင်းနှင့် ကုမ္ပဏီမှဆောင်ရွက်သည့် မြကိုင်း - ရှမ်းချောင်းလမ်း ဂဝံခင်းခြင်း၊ နရွဲချောင်- ခနောင် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း(ကျောက်တန်း)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်