ပဲခူး နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို သုံးဆယ်မြို့ စံရွေးတန်းလမ်းရှိ မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးချစ်ဟန်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွဋ်က ပဲခူးတိုင်းသမဝါယမဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းကဏ္ဍများ၊ သမဝါယမအသင်းများအား ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သာယာဝတီမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင် တစ်ဦးက ဖတ်ကြားတင်ပြပြီး အသင်းဝင်ကိုယ်စားလှယ်များ၏ အကြံပြုချက်ရယူကာ အသင်းသား၊ အသင်းဝင်များ၏ အစုပေါ်အမြတ်ငွေများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်