Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ်အတွင်း သမဝါယမအသင်းများ၏ မိုးစပါးရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


25 Nov,2025

မော်လမြိုင် နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိ သူများသည် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ပငစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား ဦးအောင်သိန်း၏ လယ်မြေ (၅ဒဿမ၈၅ဧက) တွင် ဂျပန်ဝါထွန်းစပါးများ ရိတ်သိမ်းမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပငစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတွင် အသင်းသားတောင်သူ (၃၇) ဦးရှိရာ မိုးစပါး (၃၄၂) ဧက စိုက်ပျိုးထားရှိ၍ အသင်းသား တောင်သူများအနေဖြင့် စပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် လွယ်ကူချောမွေ့စေရန် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး၊ အထွက်တိုးမျိုးကောင်း၊ မျိုးသန့်များ တစ်ဆက်တည်း စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ညွှန်ကြားရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်