Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်မြို့ အမျိုးသားသွေးဌာနတွင် စုပေါင်းသွေးလှူဒါန်းခြင်း


27 Nov,2025

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့်  ခရိုင်/မြို့နယ်များမှ ရန်ကုန်မြို့၊ အမျိုးသားသွေးဌာနတွင် စုပေါင်းသွေးလှူဒါန်းကြရာ                   (၂၆-၁၁-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ စေတနာသွေးလှူရှင် ဆရာ၊ဆရာမ၊ဝန်ထမ်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၃)ဦး က ပါဝင်လှူုဒါန်းခဲ့ကြပါသည်။ စေတနာသွေးလှူရှင်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေါင်မုန့်၊ကြက်ဥ၊ငှက်ပျောသီးနှင့်အချိုရည် အစရှိသည့် အဟာရလှူဒါန်းခြင်း၊ ရန်ကုန်မြို့၊ အမျိုးသားသွေးဌာနမှ မိုင်လို၊အချိုရည်နှင့်ဘီစကွတ်မုန့်လှူဒါန်းခြင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)ပါမောက္ခချုပ်မှ ကြက်ဥအဟာရနှင့် သောက်ရေသန့်များ လှူဒါန်းခြင်းနှင့် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှနေ့လယ်စာများ လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်