Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


28 Nov,2025

ပဲခူး နိုဝင်ဘာ  ၂၇

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးရန်အတွက် အသင်းသားများပိုင်ဆိုင်သောစိုက်ခင်းတွင် ၁ ဧကလျှင် ကျပ်သုံးသိန်းနှုန်းနှင့်ညီမျှသော  ဆင်းပဒေသာ ၁၁ ဗီယက်နမ်မျိုးသွင်းအားစုများကို သမဝါယမအသင်းသားတောင်သူများအား ပံ့ပိုးဆောင်ရွက်ပေးထားသည့် အခြေခံသမဝါယမ အသင်း ၆ သင်း၊ အသင်းသားတောင်သူ ၇၂ ဦး၏ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ဧက ၁၀၀၀ အနက်မှ ကြက်တိုက်ကျေးရွာ လပြည့်ဝန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးလင်းဇော်၏ မြေပဲစိုက်ခင်း၌ အသင်းသား ၁၂ ဦး စိုက်ဧက ၁၄၀ တွင် မြေပဲစိုက်ပျိုးထားမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌတို့က ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်